About

LABC

Ohm Khay
Joshua Wood
Erika Oliver

လွိုင်လင် ဓာတ်တော်ဆရာတော်ကြီးသည် မိမိစာသင်တိုက်အား အဆင့်မြင့်ပညာရေးစနစ်လေ့လာသင်ယူနိုင်ရေး မျှော်ကိုး၍ ကောလိပ်အဆင့်သို့ မြှင့်တင်ရန် ဆန္ဒရှိခဲ့ပါသည်။ ထိုကောင်းမွန်သော အမျှော်အမြင်ကို အကောင်အထည်ဖေါ်နိုင်ရန် ကောဇာသက္ကရာဇ်၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၄)ရက်၊ (၂.၄.၂၀၂၁) သောကြာနေ့တွင် ဓါတ်တော်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ Dr. ပညာနန္ဒ ကိုယ်တိုင်ဦးဆောင်တော်မူ၍ အောက်စဖို့ဒ် ဆရာတော် Prof. Dr. ဓမ္မသာမိ (ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူနှင့် ပါမောက္ခချုပ်)၊ ဘဒ္ဒန္တ နန္ဒဝံသ (ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် အကျိုးတော်ဆောင်)၊ ဘဒ္ဒန္တ ပညာဘောဂ(နောင်ဟူးကျောင်း) နှင့် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှ ဘဒ္ဒန္တ Dr. ဝိဇယာဘိပါလ (နိုင်ငံတော် ဗဟိုသံဃဝန်ဆောင်)၊ ဘဒ္ဒန္တ Dr. ပညာဘောဂ၊ ဘဒ္ဒန္တ Dr. ပညာနန္ဒ၊ ဘဒ္ဒန္တ Dr. ပဏ္ဍဝ၊ ဘဒ္ဒန္တ စန္ဒိမာ နှင့် အခြားသော ကထိကဆရာတော်များ နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းဒါယကာကြီး စဝ်လျန်းဆိုင်ဟိန်း၊ ဓါတ်တော်ကျောင်း ဂေါပကအဖွဲ့များ ပါဝင်သော လူဦးရေ (၄၃)ပါး/ဦးဖြင့် အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပါသည်။ ဆွေးနွေးရာတွင် စာသင်တိုက်မှနေ၍ တရားတော်ကို သင်ယူရင်း တစ်ဘက်ကလဲ ပိဋကတ်တော်ကို အဆင့်မြင့်လေ့လာနိုင်ရန် ကောလိပ် တစ်ခုအဖြစ်သဘောတူအတည်ပြုနိုင်ခဲ့သည်။ ကောလိပ်အမည်ကို“လွိုင်လင်အာနန္ဒဗုဒ္ဓကောလိပ်” ဟုသတ်မှတ်ခဲ့ကြသည်။ ထို့အပြင် ကောလိပ်တစ်ခုဖြစ်ပါက စာကြည့်တိုက်ကောင်းကောင်းတစ်ခု လိုအပ်သည့်အတွက် ဆရာတော်၏ ဘွဲ့အမည်ကို အစွဲပြု၍ “ပညာနန္ဒ” စာကြည့်တိုက်ဟု အမည်တွင်ပြီး စာကြည့်တိုက်တစ်ခု တည်ဆောက်ဖို့ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါ “လွိုင်လင်အာနန္ဒဗုဒ္ဓကောလိပ်” နှင့် “ပညာနန္ဒစာကြည့်တိုက်”ကို ၁၃၈၃-ခုနှစ်၊ ကဆုန်လဆန်း (၅) ရက် (၂၀၂၁၊ မေလ ၁၅-ရက်) စနေနေ့တွင် ကျေးဇူးရှင် ဓာတ်တော်ဆရာတော်ကြီး၏ သက်တော် (၇၀)ပြည့် စိန်ရတုအကြို မွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် တည်ထောင်ဖွင့်လှစ်ပါသည်။ လူနတ်ဗြာဟ္မာ သတ္တဝါ ဝမ်းသာသာဓု ခေါ်စေသော်။ ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းစေသော်။

Get in touch

LABC © 2024